ဒီစာအုပ်ကတော့ Warren Buffett ရဲ့ ပါတနာလဲဖြစ်၊ ဆရာလဲဖြစ်တဲ့ ရင်းနှီးမြုပ်နှံမှုဂုရုကြီး Charles T. Munger အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကြီးမားတဲ့ဉာဏ်ပညာ, များပြားလှတဲ့ပိုင်ဆိုင်မှု, ရိုးသားမှု, အကောင်းမြင်စိတ်ရှိမှု စတဲ့ဂုဏ်သတင်းတွေကြောင့် လူသိများထင်ရှားကြသူတွေ ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ Chares Munger ရဲ့ အသိပညာရှာဖွေပုံတွေ၊ ဉာဏ်ပညာကြီးပုံတွေ၊ ရင်းနှီးမြုပ်နှံမှု အတွေးအခေါ်တွေကို လေ့လာဖတ်ရှုကြရမှာဖြစ်ပါတယ်။